Showing posts with label ခံစားမှုစာစု. Show all posts
Showing posts with label ခံစားမှုစာစု. Show all posts

Sunday, January 17, 2010

Millionaire ????



အလုပ်ထဲကသူငယ်ချင်းတွေနှင့် ဘယ်လောက်ပိုက်ဆံစုမိကြတယ်ဆိုတဲ့အကြောင်း စကားပြော ဖြစ်ကြတယ်
တယောက်လခတယောက် ဘယ်လောက်ရတယ်ဆိုတာ သိနေကြပါတယ်
ပိုပြောလို့ မရ လျော့ပြောလဲမယုံပါဘူး
ဒီတော့ ဘယ်သူကဘယ်လောက်သုံးတယ်
အိမ်လခ ဘယ်လောက်ပေး ရတယ်
စားစရိတ် ဘယ်လောက်ကုန်တယ်
ခန့် မှန်းလို့ ရပါတယ်

မှန်းလို့ မရတာက အိမ်ကို အကုန်ပို့ တဲ့သူ ။
အကုန်မပို့ ဘဲ ဒီမှာ စုတဲ့သူ နဲ့  ငွေလွဲနှုန်းပါ။
ရုံးမှာ လူမျိုးစုံပါတယ် S’porian , Malaysia , China , Indonesia & India
တယောက်ထဲသော Myanmar ပေါ့ ။

ငွေလဲနှုန်းကို ဝမ်းသာအားရ စကြွားတာက China ကကောင်မလေးပါ
SGD 1 $ = China (RMB) 5$ တဲ့
SGD 10,000 စုမိတဲ့နေ့ မှာ RMB 50,000$ ရလို့ မျက်ရည်ကျရတယ် ဆိုတဲ့အကြောင်း
သုံးနှစ်လုပ်ပြီးရင်ပြန်မယ်လို့ ပြောပြီး အမြဲ calander ကြည့်နေတတ်တဲ့သူပါ ။
SGD 30,000 ၇၇င် အိမ်ဝယ်လို့ ရပြီ စိတ်ကူးနေတတ်ပါတယ် ။

Malaysia ကလူတွေကတော့ အဆင်အပြေဆုံးပါ
ရုံးပိတ်ရက်တိုင်းအိမ်ပြန် နိုင်ကြပါတယ်
SGD 1 $ = Malaysia currency 2$
ဘယ်တော့အပြီးပြန်မလဲဆို ရင် ဘယ်တော့မှမပြန်နိုင်ကြပါဘူး
တော်တော်များများက ပို့ တဲ့ပိုက်ဆံကို အိမ်က သုံးလိုက်တာများပါတယ်

Indian ကလဲ SGD 1$= 33$ ရတဲ့အကြောင်း
ဒီကို မလာခင် အိမ်ရောင်းပြီး Agent ကို SGD 10,000$ ပေးရကြောင်း
အိမ်ပြန်ဝယ်ဖို့ အသဲအသံပိုက်ဆံစုပြီး နှစ်နှစ်ကျော်တာတောင်တခေါက်မှမပြန်ပါဘူး
ဘာကိုမှမဝယ်ဘာကိုမှမစားနဲ့ အတော်စုတဲ့ လူတယောက်ပါ

Indonesia ကတော့အတန် ဆုံးပါ
SGD 1 $ =Indonesia 6900 IDR
တော်တော်စုမိနေပြီနော်လို့ ပြောတော့ ပထမတနှစ် စုတာတော်တော်စုမိကြောင်း
အိမ်ဝယ်နိုင်ပြီထင်ပြီး အလည်ပြန်တော့ ဘာမှသူ့ မိဘလက်ထဲမရှိကြောင်း
မောင်နှမတွေလိုသမျှ သူ့ အမေကပေးနေကြောင်း
နောက်ပိုင်းအကုန်မပို့ တော့ ကြောင်း သူလဲပျော်သလိုနေကြောင်း
ဘယ်တော့မှမပြန်ဘူးလို့ ကြွေးကြော်ရင်းပျော်နေသူပါ။
ခွင့်နဲ့ တနှစ်တခေါက်ပြန်တာကလွဲလို့  ဆက်တိုက်ငါးနှစ် အလုပ်လုပ်တာ ရုံးမှာသူတယောက်ထဲပါ ။


ဒီလို နဲ့ တဦးတည်း Myanmar ကို့ အလှည့် ပေါ့
SGD 1$ = Myanmar Kyats 700K round abt
SGD 10,000 X 700K = 7 000,000K
Now u become millionaire in yr country ? ဆို တဲ့စကားအဆုံး တော်တော်ရီလိုက်ရပါတယ်
တနှစ်ကို နင် ဘယ်လောက်စုမိရမယ်
အခုနင်ဘယ်လောက်ရှိနေပြီဆို တဲ့ခန့် မှန်း စကားတွေကြား
့ဘယ်လောက်စုမိရင် ပြန်မလဲလို့ မေးရင်
Million ရဲ့ နောက် ၀၀၀ တွေများနိုင်သမျှများတဲ့ အထိလို့ ဖြေလိုက်ပါတယ်
ဒီလိုနဲ့ တန်းဖိုးမရှိတဲ့ ၀၀၀၀ ရဲ့  နောက်ကို ကောက်ကောက်ပါအောင်လိုက်တဲ့ လူတယောက်အဖြစ်ပေါ့ ။

တော်တော်တော့ပျော်နေပါတယ် millionaire ဖြစ်တာကို သတိပေးမဲ့သူအခုမှတွေ့ လို့ ပါ။

Friday, January 15, 2010

အတု နဲ့  အစစ်



ကိုယ့် ရဲ့ ကမ္ဘာ မှာ လှပတဲ့  ပုံရိပ်တွေပဲ မင်းမူနေတယ်
ပင်လယ်ရေပြင်ဟာ တည်ငြိမ်လို့ 
ကျောက်တုံးကျောက်ဆောင်တွေဟာ လှပသေသပ်လို့ 
ပန်းခက်ကျောက်ခက် ရေမှော် တွေကလဲ အမြဲစိမ်းလို့ 
အမှိုက်သရိုက်ကင်းစင်တဲ့  ကိုယ်နေထိုင်တဲ့ ပင်လယ်ထဲမှာ ကိုယ်လိုသူလို ငါးတွေ ကူးခတ်ပျော်မြူးလို့ 

ကိုယ့် ရဲ့  ပင်လယ်ဟာ အရင် ကလဲ လှပခဲ့ တယ်
အခုလဲ လှပနေတုန်းပဲ
နောက်လဲ လှပနေဦးမယ်
ကိုယ့်ရဲ့  ဘဝကို ကျေနပ်မှု ဟာအတိုင်းမသိဖြစ်ခဲ့ ပါရဲ့ 

လူတွေဖွဲ့ ဆိုတဲ့ လှိုင်းလေထန်တဲ့  ပင်လယ်
လရောင်ရဲ့  ဖြားယောင်းမှုတွေ
နေရောင်ရဲ့  နွေးထွေးမှု တွေ
ဒါတွေကို ထိတွေ့ မှုမရခဲ့ ပေမယ့်  ကိုယ့် ရဲ့  ပင်လယ်ထဲမှာတော့  ကိုယ်ဟာ နေပျော်နေခဲ့ တာပဲ

အစားအစာဆိုတာ နံနက်ခင်းမှာေ၇ာက်လာမယ်
အလင်းရောင် ဆိုတာ အစဉ်ရှိနေမယ်
လေတိုးသံ ကြားမှာ ယိမ်းနွဲ့ နေတဲ့  သစ်ပင်စိမ်းစိမ်းလေးတွေရယ်
အမြဲ တည်ရှိနေတဲ့  ကျောက်ဆောင် လှလှလေးရယ်
ဘဝဆိုတာ ရုန်းကန်လှုပ်ရှားခြင်းလို့  ဘယ်သူကများပြောခဲ့ ပါလိမ့်
နေပျော်စရာကောင်းတဲ့  ဘဝမှာ ပျော်ရွှင်စွာ နေထိုင်လာခဲ့ တာ သခင်က တခြားငါးတကောင်ကို ယူဆောင်မလာခင်အချိန်အထိ ။

ဒီငါးဟာ ကိုယ် တို့ ရဲ့ ပင်လယ်ထဲကို စရောက်တဲ့ အချိန်က စလို့  လွတ်မြှောက်ဖို့ ရုန်းကန်တော့ တာဘဲ
သူဟာ အပြင်လောကကို မြင်နိုင်တဲ့  မှန်ကို အတင်းထိုးဖောက် အပြင်ကိုရောက်ဖို့  ကြိုးစားနေတော့တာပါဘဲ ။
“ခပ်ဝါးဝါး ဖြစ်ပစေ ဒါဟာ မျှော်လင့်ခြင်းတဲ့ ”

ဒီတော့ ကျန်တဲ့  ငါးတွေနဲ့ ကိုဟာ သူ့ ကို ဖြောင်းဖြရတော့တယ်
ဒီလောက်သာယာလှပတဲ့  ပင်လယ်ပြင်မှာ ဘာလို့ မပျော်နိုင်ရတာလဲ ဆိုတော့ 
သူက ” ဒါဟာ ပင်လယ်မဟုတ် လှောင်ကန်တခုသာဖြစ်တယ်တဲ့  ”
ဒီလှောင်ကန်ဟာ ငါးမြှားချိတ်ထက် ဆိုးတယ်

တခါထဲ ကိုယ့် ကိုအသေမသတ်
တဘဝလုံးရဲ့  အချိန်တွေကို ဒီလှောင်ကန်မှာ ကုန်ဆုံးရဖို့ 
ပန်းပင်အတု ကျောက်ဆောင်အတု ပင်လယ်အတု
အတု အတု တွေ ကို အဆင်ပြေအောင် ဖန်တီးထားလိုက်တာ
ပင်လယ်အစစ်ကို မမြင်ဘူးတဲ့  ကိုယ်တို့ ဟာ အတုကို အစစ်ထင်
ကျေးဇူးများတောင် တင်ပြီး ကိုယ့် ဘဝ ကိုပျော်နေလေရဲ့ 

ဒီကျောက်ဆောင် ဒီအပင်နဲ့  ဒီနေရာတွေဟာ ရွေ့ ရှားမှုမရှိတဲ့  အကြောင်း
နံနက်ခင်းမှာ နေရောင်ခြည်မဖြာကြောင်း
ညအခါမှာ လရောင်ကိုလဲ ကန်ရေပြင်မှာ မတွေ့ ရကြောင်း
လေပြေညှင်းရဲ့ တိုက်ခတ်ပုံကလဲ တနေရာထဲ က မဟုတ်ကြောင်း
ပင်လယ်မှာ အစားအစာကို ဘယ်လို ရှာဖွေရတဲ့  အကြောင်း
အမျိုးအနွယ်တွေနဲ့  ဘယ်လို သွားလာခဲ့ တဲ့ အကြောင်း
ဒီရေအတက်အကျနဲ့ လိုက် ဘယ်လိုကူးခတ်ခဲ့ရတယ်ဆိုတဲ့ အကြောင်း
သူ့ ရဲ့  ကြုံတွေ့ ခဲ့ ရတဲ့  ပင်လယ် ရဲ့  ဆန်းကြယ်မှုတွေကို နေ့ စဉ်ပြောပြနေတော့တာပါဘဲ။
နေ့ စဉ်လဲ ပင်လယ်ထဲကို ပြန်ဖို့  ကြိုးစားနေလေရဲ့ 

တကယ့် ပင်လယ်မှာ ကိုယ့်ရဲ့  အမျိုးအနွယ်တွေ အခုထက်တိုင်ဆက်လက်နေထိုင်သတဲ့ 
တကယ့်ပင်လယ်မှာ ရှာစားရတဲ့ အစားအစာဟာ အသင့် ရောက်လာတဲ့ အစာတဲ့  ပိုမို ချိုမြိန်သတဲ့ 
တကယ့် ပင်လယ်မှာ တိုက်ခတ် လာတဲ့ မုန်တိုင်းဟာ နေ့ စဉ်ပေးနေတဲ့  oxygen တဲ့  လှပသတဲ့ 

ဒီလိုနဲ့  အတု နဲ့  အစစ်ကို ခွဲခြားသိနေပေမယ့် 
ပင်လယ်အတုကရုန်းထွက်ဖို့ ကို မစဉ်းစားရဲ
ဒီလို အဆင်ပြေပြေမှ နေနိုင် ပါ့မလား
အစာရေစာ အဆင်သင့် ဖြစ်ပါ့မလား
လှိုင်းထန်တဲ့  ပင်လယ်မှာ ရုန်းနိုင်ပါ့မလား
မေးခွန်းပေါင်းများစွာနဲ့  တွေဝေပြီး ပင်လယ်အတုထဲမှာ ဆက်လက်ရှင်သန်ခဲ့ တယ်

ဒီလိုနဲ့  ပင်လယ်အတုမှာနေ
လေအတုကိုရူ
အစာအတုကိုစား
ခြောက်ကပ်ကပ်နေ့ ရက်တွေကို ဖြတ်သန်းလို့ 
”မျှော်လင့်ချက်ဆိုတာ ခပ်ဝါးဝါးပဲ ဖြစ်ပစေ ဆုတ်ကိုင်ထားရမယ်ဆိုပေမယ့် ”
မကျိုးစားခဲ့ တာလား
ကျိုးးစား မရခဲ့ တာလား
သတ္တိနည်း စွာနဲ့  မကျိုးစားရဲခဲ့ တာလား ???????