Showing posts with label ကဗျာမဟုတ်သော စာစုများ. Show all posts
Showing posts with label ကဗျာမဟုတ်သော စာစုများ. Show all posts

Wednesday, March 10, 2010

“အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့ "




အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ငါ ဘာဝတ်ရင် ကောင်းမလဲ
အကြာကြီးပဲ စဉ်းစားခဲ့ဘူးတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
မနက်စောစော ဘယ်သူမှ မနိုးဘဲ နိုးခဲ့ဘူးတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
မှာထားတာတွေ ရှေ့မှာချ
မစားဘဲလဲ ဝခဲ့ဖူးတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ဘဝမှာ အကောင်းဆုံးကိုမျှော်မှန်း
ပင်ပမ်းစွာ ကျိုးစားခဲ့ရတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ငါ့ဘဝမှာ အိပ်မရတဲ့ ညတွေများခဲ့ 

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ငါ့ဘဝတလျှောက်လုံး (ကိုယ့် ကိုယ်ကို ) ယုံကြည်မှုတွေပျက်သုန်းခဲ့ 

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ကိုယ့် ဘဝရဲ့ု တခါးတွေကိုပိတ်
တိတ်ဆိတ်စွာနဲ့  နေခဲ့ဘူးတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ဘဝမှာ အထီးကျန်မှုကိုအဖော်ပြု လို့ 
တယောက်ထဲလဲ လျှောက်ရဲ ခဲ့ရတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့

Sunday, January 17, 2010

မလုံလောက်သော အတတ်နိုင်ဆုံးများ



အတတ်နိုင်ဆုံး ကိုယ့်ဖက်က ကျိုးစားခဲ့ပါတယ် ။
မင်းအတွက်လို့ ကိုရည်ရွယ်ြ့ပီး
ကျိုးစားစုဆောင်းခဲ့တဲ့ပိုက်ဆံတွေ

ပင်ပင်ပန်းပန်းလုပ်ခဲ့တဲ့ အလုပ်တွေ
ကုန်ဆုံးသွားတဲ့အချိန်တွေ
ဒါတွေအားလုံးဟာ မင်းအနားမှာ ရှိမနေနိုင်ခြင်းဆိုတဲ့ 
အကြောင်းကြောင့်  ဝေးကွာခဲ့ရတာလား

ဘယ်အိမ်မှာ နေကြမှာလဲ ဆိုတဲ့ စကားကို အရင်မပြောခင်
ဘယ်နိုင်ငံမှာ နေကြမှာလဲ လို့ အရင်မေးလေ့ရှိတဲ့ ချစ်သူရေ
ဖြစ်နိုင်ရင် ကိုလဲ ကိုယ့်မိသားစုနဲ့  ကိုယ့် ချစ်သူရှိတဲ့ 
ကိုယ့် နိုင်ငံမှာ နေချင်တာပေါ့

ရန်ကုန်ကတော့အရင်အတိုင်းပဲ
မီးမလာတဲ့ ညတွေမှောင်မိုက်ဆဲ
တက်လာတဲ့ ကုန်ဈေးနှုန်းတွေကျမသွားပဲ
ကျနေတဲ့ စိတ်ဓါတ်တွေကိုဘဲ မနည်း ကောက်တင်ရင်း

လွမ်းရေးတဲ့  ဝမ်းရေးခက်တဲ့ 
နားချင်ပြီဆိုတဲ့  အဖေ့စကားအဆုံး
သားအကြီးဆုံးဖြစ်တဲ့ ကိုယ်မှ မိသားစုတာဝန်ကိုမယူရင်
ဘယ်သူက ဒီတာဝန်ကိုယူမှာလဲ

ဒီလိုနဲ့  အားလုံးရဲ့ အဝေးမှာ
(ကိုယ့်ရဲ့  မိဘတွေအတွက် ပြီးတော့
ကိုယ်ချစ်တဲ့ ကိုယ့်ချစ်သူအတွက်
အတတ်နိုင်ဆုံးတော့ကျိုးစားခဲ့တာဘဲလေ……..)

ကိုယ်ပိုင်လို့ ဆိုနိုင်တဲ့  အိမ်ကလေးတလုံး
မင်းနဲ့ ကိုယ့် အတွက်ရည်းစူး
ရူးခဲ့တဲ့ အိမ်မက်တွေ
အေးစက်လာတဲ့  အနမ်းတွေရဲ့ နောက်
မေ့လိုက်ပါတော့ဆိုတဲ့ စကားတခွန်း

ရောက်လာတဲ့ Email ကို အကြိမ်ကြိမ်ဖတ်ရင်း
ဘာလို့ များလဲ လို့ မေးခွင့် မရအောင်
Attach file ထဲက ဖိတ်စာတစောင်
အရာအားလုံးကိုနားလည်အောင် ပြောလိုက်သလိုပါဘဲ

ချစ်သူရေ မင်းရဲ့ မင်္ဂလာပွဲ ကို
ကိုယ်တိုင်ကိုယ်ကျနွဲချင်ပေမယ့် 
ကို မလာရဲခဲ့ပါဘူး
ချစ်သူကို ဘဝမှာ အကောင်းဆုံးတွေပေးဖို့ ပဲ မျှော်လင့်ခဲ့တာပါ

မင်းအတွက်
အလှဆုံး ပန်းတပွင့် ကိုခူးဖို့  အိမ်ကထွက်လာခဲ့ပေမယ့် 
တနေ့ တာကုန်ဆုံးလို့  အိမ်ပြန်ချိန်မှာ
သစ်ကိုင်းခြောက်တခုပဲ ယူဆောင်လာနိုင်ခဲ့တယ်
ဒီ့အတွက်ကိုယ့်ကို ခွင့်လွှတ်ပေးပါ

အိမ်မက်တွေထဲမှာ
ကိုလွင့်ပြစ်လိုက်တဲ့အရာတွေကို
လူတွေကတန်ဖိုးထား ကောက်ယူကြပြီး
ကိုတန်ဖိုးထားတဲ့အရာတွေကိုတော့
လူတွေက ကြည့်ပြီး ရီမောခဲ့ကြတယ်
ဒီလိုနဲ့  အိမ်မက်ဆိုးက နှိုးခဲ့ရတဲ့ အကြိမ်တွေမနည်းခဲ့

ကိုယ်လေ ဘဝမှာ အကောင်းဆုံးတွေပဲ မင်းကိုပေးချင်ခဲ့တာ။
ဒါပေမယ့်  ကိုယ့် ရဲ့  အတတ်နိုင်ဆုံးကျိုးစားမှုတွေကတောင်
ဘဝနှစ်ခု နီးစပ်ဖို့  မလုံလောက်လေတော့ …………………
ဒီ့အတွက် ဒီတသက်မှာ ကိုယ့် ကိုခွင့်မလွှတ်လိုက်ပါနဲ့ ။