Wednesday, March 10, 2010

“အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့ "




အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ငါ ဘာဝတ်ရင် ကောင်းမလဲ
အကြာကြီးပဲ စဉ်းစားခဲ့ဘူးတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
မနက်စောစော ဘယ်သူမှ မနိုးဘဲ နိုးခဲ့ဘူးတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
မှာထားတာတွေ ရှေ့မှာချ
မစားဘဲလဲ ဝခဲ့ဖူးတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ဘဝမှာ အကောင်းဆုံးကိုမျှော်မှန်း
ပင်ပမ်းစွာ ကျိုးစားခဲ့ရတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ငါ့ဘဝမှာ အိပ်မရတဲ့ ညတွေများခဲ့ 

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ငါ့ဘဝတလျှောက်လုံး (ကိုယ့် ကိုယ်ကို ) ယုံကြည်မှုတွေပျက်သုန်းခဲ့ 

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ကိုယ့် ဘဝရဲ့ု တခါးတွေကိုပိတ်
တိတ်ဆိတ်စွာနဲ့  နေခဲ့ဘူးတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
ဘဝမှာ အထီးကျန်မှုကိုအဖော်ပြု လို့ 
တယောက်ထဲလဲ လျှောက်ရဲ ခဲ့ရတယ်

အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့
အဲဒီ့ အကြည့် တချက်ကြောင့်ပေါ့